ဓာတ်ဆီဈေးများ စျေးနှုန်းထပ်မံမြင့်တက်လာပြီး ပရီမီယံဒီဇယ်ဈေး အနည်းငယ်ကျဆင်း

ဓာတ်ဆီဈေးများ စျေးနှုန်းထပ်မံမြင့်တက်လာပြီး ပရီမီယံဒီဇယ်ဈေး အနည်းငယ်ကျဆင်း
Published 9 October 2026

ဓာတ်ဆီဈေးများ စျေးနှုန်းထပ်မံမြင့်တက်လာပြီး ပရီမီယံဒီဇယ်ဈေး အနည်းငယ်ကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက််အရ သိရသည်။

အောက်တိုဘာ ၉ ရက်တွင် ရန်ကုန်မြို့၏ စက်သုံးဆီရည်ညွှန်းဈေးနှုန်းများအရ ဓာတ်ဆီ 92 အမျိုးအစား တစ်လီတာလျှင် ၄၅၉၅ ကျပ်၊  95 တစ်လီတာလျှင် ၄၇၇၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၅၀၀၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၅၅၇၅ ကျပ် ဖြစ်ကြောင်း သိရသည်။

‎ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ထုတ်ပြန်ခဲ့သည့် စျေးနှုန်းများမှာ 92 တစ်လီတာလျှင် ၄၅၄၀ ကျပ်၊ 95 တစ်လီတာလျှင် ၄၇၃၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၄၈၁၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၅၇၉၅ ကျပ် ဖြစ်သည်။

‎ယင်းကြောင့် 92 တစ်လီတာ ၅၅ ကျပ်၊ 95 တစ်လီတာ ၄၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၁၈၅ ကျပ် ဈေးတက်သွားပြီး ပရီမီယံဒီဇယ်မှာ တစ်လီတာလျှင် ၂၂၀ ကျပ် ဈေးနှုန်းကျဆင်းသွားခဲ့ကြောင်း သိရသည်။

စက်သုံးဆီစျေးနှုန်းများမှာ ရက်သတ္တပတ်၏ နောက်ဆုံးနေ့ဖြစ်သည့် သောကြာနေ့တွင် စျေးနှုန်းအပြောင်းအလဲရှိကြောင်း သိရသည်။

Most Read

Most Recent