ဖင်လန်အနီး‌ရေပြင်တွင် ရုရှားကုန်တင်သင်္ဘော ဒရုန်းဖြင့်တိုက်ခိုက်ခံရသဖြင့် မီးစွဲလောင်

ဖင်လန်အနီး‌ရေပြင်တွင် ရုရှားကုန်တင်သင်္ဘော ဒရုန်းဖြင့်တိုက်ခိုက်ခံရသဖြင့် မီးစွဲလောင်

ဘောလ်တစ်ပင်လယ်၌ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရသော ရုရှားကုန်သင်္ဘောပေါ်၌ လောင်နေသောမီးများကို ကြိုးပမ်းနေသည့်တိုင် မီးတို့သည် ညအထိ ဆက်လက်လောင်နေသည်ဟု ဖင်လန်ကမ်းခြေ စောင့်တပ်က နိုဝင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၁ ရက်တွင် Sparta II ကုန်သင်္ဘောကို ယူကရိန်းကို တိုက်ခိုက်ခဲ့ပုံရသည်ဟု ဖင်လန်စစ်တပ်က ပြောကြားခဲ့သည်။ တိုက်ခိုက်ခံခဲ့ရပြီးနောက် သင်္ဘောသည် ဖင်လန်ရေပိုင်နက်ထဲသို့ မျောလာကြောင်း၊ ယခုအခါ သင်္ဘောသည် ဖင်လန်ရေပိုင်နက်တွင် ကျောက်ချထားကြောင်း ဖင်လန်စစ်တပ်က ပြောကြားခဲ့သည်။

သင်္ဘောသား ၁၆ ဦးကို အနီးနားရှိ ရုရှားသင်္ဘောတစ်စင်းပေါ်သို့ ရွှေ့ပြောင်းပေးထားသည်ဟု ဆိုသည်။

ဖင်လန်ကမ်းခြေစောင့်တပ်က ထုတ်ပြန်ခဲ့သောပုံများနှင့် ဗီဒီယိုတို့တွင် သင်္ဘောအချို့က ညအချိန်တွင် Sparta II သင်္ဘောပေါ်မှ မီးများကို ငြိမ်းသတ်ရန် ရေပိုက်များဖြင့် ပက်နေသည်ကို တွေ့ရပြီး ယင်းသင်္ဘောပေါ်ရှိ ကုန်သေတ္တာများ အေးနေစေရန် ရေလောင်းနေသည်ကိုလည်း တွေ့ရသည်။

ယူကရိန်းက ယခုနှစ်တွင် စစ်ဘက်သုံးဒရုန်းများကို ရုရှား၏အနောက်မြောက်ပိုင်း ကမ်းရိုးတန်းဒေသ လီနင်ဂရက်သို့ အများအပြား စေလွှတ်ခဲ့သည်။

ဒရုန်းအချို့မှာ အနီးနားရှိ ဘောလ်တစ်နိုင်ငံများ၏လေပိုင်နက်ထဲသို့ ရောက်ရှိလာခဲ့သောကြောင့် စစ်ပွဲက နေတိုးပိုင်နက်အထိ ကူးစက်လာမည်ကို စိုးရိမ်မှုများ မြင့်တက်နေသည်။

Sparta II သင်္ဘောသည် ရုရှားနယ်မြေစုဖြစ်သော ကာလီနင်ဂရက်သို့ ထွက်ခွာလာခြင်းဖြစ်ပြီး ရုရှား၏ ဂိုဂလန်ကျွန်း အနောက်ဘက် အပြည်ပြည်ဆိုင်ရာရေပိုင်နက်တွင် မီးလောင်နေခြင်းဖြစ်သည်ဟု ဖင်လန်ကာကွယ်ရေးတပ်ဖွဲ့များက ပြောကြားခဲ့သည်။

Ref:Reuters

Most Read

Most Recent