အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ယခုသီတင်းပတ်အတွင်း ဥရောပခေါင်းဆောင်များအား ယူကရိန်းအတွက် ငွေကြေးအများအပြား သုံးစွဲနေကြကြောင်း ပြောကြားခဲ့ပြီး အကယ်၍ ရုရှားနှင့် ငြိမ်းချမ်း ရေးသဘောတူညီချက်သာ ရရှိခဲ့မည်ဆိုပါ ထိုငွေကြေးများကို မိမိတို့နိုင်ငံများအတွက် အသုံးပြုနိုင်လိမ့်မည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက နိုဝင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ထရန့်သည် နိုဝင်ဘာ ၁၉ ရက်က တရုတ်နိုင်ငံ ရှန်ကျန်းမြို့တွင်ပြုလုပ်သည့် APEC အစည်း အဝေးတွင် တရုတ်သမ္မတရှီကျင်းပင်၊ ရုရှား သမ္မတ ဗလာဒီမာပူတင်တို့နှင့်တွေ့ဆုံခဲ့ပြီး နောက် ဂျာမနီတွင် ပြုလုပ်သည့် ယူကရိန်း၏ ညွန့်ပေါင်းမဟာမိတ် အစည်းအဝေးတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ဥရောပက ယူကရိန်းအတွက် ငွေကြေးအများကြီး သုံးစွဲနေပြီး စစ်ပွဲပြီးရင် အဲဒီငွေတွေကိုသူတို့ နိုင်ငံတွေအတွက် အသုံးပြုနိုင်လိမ့်မယ်လို့ သူ (ထရန့်) က ပြောခဲ့ပါတယ်” ဟု ဇယ်လန်းစကီးက ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဝက်စ်စထရီးတင်းနှင့် ဆွေးနွေးပွဲမပြုလုပ်မီ သတင်းထောက်များကို ပြောကြားခဲ့သည်။
Ref:Reuters















