ပဲခူးမြို့ရှိ Paradise KTV ဆိုင်မီး‌လောင်မှုဖြစ်ပွား

ပဲခူးမြို့ရှိ Paradise KTV ဆိုင်မီး‌လောင်မှုဖြစ်ပွား

ပဲခူးမြို့ရှိ Paradise KTV ဆိုင်မီး‌လောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၇ နာရီခွဲ အချိန်ခန့်က ပဲခူးမြို့ ဥဿာမြို့သစ် (၃) ရပ်ကွက်ရှိ Paradise KTV ဆိုင်၌ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောကြားသည်။

၎င်းကဆက်လက်ပြီး "KTV ဆိုင်ရဲ့ အနောက်ဘက်မှာရှိတဲ့ အလျား ၆၀ ပေ၊ အနံ ၃၅ ပေခန့်ရှိတဲ့ သွတ်မိုး၊ အုတ်ကာ တစ်ထပ်တိုက် (R2 ဂိုထောင်ခန်း) အတွင်းမှာ တပ်ဆင်ထားတဲ့ Aircon အပူလွန်ကဲရာကတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့တာလို့ တာဝန်ရှိသူတွေပြောဆိုချက်တွေအရ သိရပါတယ်" ဟု ပြောကြားသည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ တိုင်းအုပ်ချုပ်မှုယာဉ်(၁)စီး၊ ပဲခူးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ မီးသတ်ရေသယ် ယာဉ် (၁) စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ( ၁) စီး၊ မီးသတ်ရေသယ်ယာဉ် ( ၂) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည (၇) နာရီ (၅၀) မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် လူထိခိုက်မှာမရှိဘဲ၊ ပျက်ဆီးဆုံးရှုံးမှုများအား စိစစ်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

Photo Credit - MFSD

Most Read

Most Recent